အပြင်မှာ ကိစ္စပြီးရင် ကိုယ်ဝန် ရှိနိုင်သေးရဲ့လား

ATK's Explicit Blog

ဆရာ ဆူဒိုနင်ရှင့်…

သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…

သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။ တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)

အဲ့ဒီလို နားလည်ခဲ့ရာမှ သည်နေ့မှ လူကြီးများ ပြောပြချက်အရ သိခဲ့ရတာကတော့ မိန်းမတွေဟာ ယောက်ျားလေးတွေဆီက သူတို့ ဆန္ဒ ပြီးမြောက်တဲ့ အချိန်မှာ ထွက်တဲ့ အရည်တစ်ခုထဲနဲ့တင် ကိုယ်ဝန် ရှိနိုင်တာ မဟုတ်ဘဲနဲ့ အစပိုင်းထွက်တဲ့ အရည်ကြည်မှာလည်း သုတ်ပိုးဟာ ပါလာနိုင်တတ်တယ်ဆိုပြီး အတိအကျ ပြောနေကြတယ် ဆရာရယ်။ သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ သူတို့ကတော့ အဲ့လိုမျိုး အပြင်မှာ ပြီးတယ် ပြီးတယ်ဆိုပြီး စိတ်ချလက်ချမနေနဲ့လို့ပြောတယ်။ ကွန်ဒုံးကိုပဲ သုံးတဲ့။

သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ…😛

ကျေးဇူးပြု၍ သမီး စာလေးကို အမြန်ဆုံး ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်… (ပြီးတော့ သမီးမေးတဲ့စာကို ဆရာ့ရဲ့ Blog တွေမှာ တင်ခဲ့မယ်ဆိုရင်လည်း သမီးရဲ့ FB နာမည်ကြီးတော့ မထည့်နဲ့နော်… ဟဲဟဲ :D)

ကျေးဇူးတင်စွာ
မတရုတ်မ

ယောက်ျားဖြစ်ရတဲ့ ဒုက္ခတကာအနက်မှာ အဲဒါက အဓိက ဒုက္ခပဲ ထင်ပါရဲ့ဗျာ။ ဟုတ်ပါ့။ ကျွန်တော်လည်း အိမ်ထောင်သက် နုစဉ်တုန်းက ခံစားဖူးပါတယ်။  ကိုယ်ကလည်း ဒါမျိုးဆို သိပ်နေနိုင်တာမဟုတ်၊ ကိုယ်ဝန် ရှိသွားမှာလည်း ပူရ၊ ကိုယ်ချစ်လို့ ယူထားတဲ့ ဇနီးမယားကိုလည်း ဆေးတွေ ၀ါးတွေ မသုံးစေချင်နဲ့၊ အတော့်ကို ဗျာများလှပါတယ်။

ထားပါတော့လေ… မေးထားတဲ့ မေးခွန်းကို ဖြေရရင်တော့…

View original post 199 more words